“ဆာကာ ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ အာဆင်နယ်အသင်း”

19 Feb

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆာကာ ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဆာကာ ဟာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်သလို အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဆာကာ ရဲ့ မူလစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး သက်တမ်းတိုးဖို့ ပြီးခဲ့တဲ့လကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပေမယ့် အခုမှလက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆာကာ ဟာ အရင်ကအာဆင်နယ်အသင်းမှာ တစ်ပတ်လစာ ပေါင် ၁၉၅,၀၀၀ သာရရှိနေသူဖြစ်ပြီး စာချုပ်သစ် အရ တစ်ပတ်ပေါင် ၃၀၀,၀၀၀ ရရှိမှာဖြစ်တာကြောင့် အသင်းရဲ့လစာအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်း သိရပါတယ်။ ဆာကာ ဟာ အာဆင်နယ်အသင်းအတွက် ၂၉၆ ပွဲကစားကာ ၇၇ ဂိုး သွင်းယူပေးထားသူဖြစ်ပြီး ဆာကာ ကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းက ကစားသမားသစ်တွေ ခေါ်ယူနိုင်တာထက် ပိုပြီးအရေးပါကြောင်း သုံးသပ်ဖော်ပြမှု တွေ ရှိနေပါတယ်။ (NVS 008)

19 Feb

ADVERTISE HERE .