“ရပ်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ဘာစီလိုနာအသင်း လိုလားနေ”

19 Feb

ဘာစီလိုနာအသင်းဟာ မန်ယူအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေပေမယ့် ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့လိုလားနေပါတယ်။ ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ် ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူထားပြီး ရာသီကုန်ချိန်မှာ ယူရိုသန်း ၃၀ နဲ့ ၃၅ သန်းကြားပမာဏနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ရယူထားခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိ ရပ်ရှ်ဖို့ဒ် ဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲမှာသွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းက အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေသလို၊ ရပ်ရှ်ဖို့ဒ်ကလည်း ဘာစီလိုနာအသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပေမဲ့ ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးလျှော့ချပေးဖို့ လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ဘာစီလိုနာအသင်းကို အပြီးသတ်ပြောင်းရွှေ့ခွင့်မရပါက မန်ယူအသင်းမှာ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

19 Feb

ADVERTISE HERE .