“စတာလင် အတွက် ဘယ်လ်ဂျီယံမှာ သွားရောက်လေ့ကျင့်ခဲ့တဲ့ ဖီယင်နုအသင်း”

19 Feb

ဖီယင်နုအသင်းဟာ ကစားသမားသစ် စတာလင် ပါဝင်နိုင်ဖို့အတွက် ဘယ်လ်ဂျီယံနိုင်ငံမှာ သွားရောက် လေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင် ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဖီယင်နုအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဖီယင်နုအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး Work Permit မရသေးတာကြောင့် နယ်သာလန်နိုင်ငံမှာ ကစားခွင့်ရော လေ့ကျင့်ခွင့်ပါ မရရှိသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖီယင်နုနည်းပြ ဗန်ပါစီက ရော့တာဒမ်မြို့နဲ့ ၈၅ မိုင်ပဲ ကွာဝေးတဲ့ ဘယ်လ်ဂျီယံနိုင်ငံက တူးဘိဇ်မြို့မှာ သွားရောက်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စတာလင် ဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် တယ်လ်စတားအသင်းနဲ့ပွဲမှာ ဖီယင်နုအသင်းအတွက် စတင်ကစားခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

19 Feb

ADVERTISE HERE .