“အီရန်က သန့်စင်ပြီးယူရေနီယံများကို ရုရှားသို့ ပို့ဆောင်ရန်စဉ်းစားနေ”
19 Feb
အီရန်နိုင်ငံသည် ၎င်းတို့ထံတွင်ရှိသော သန့်စင်ပြီး ယူရေနီယံအမြောက်အမြားကို ရုရှားနိုင်ငံသို့ ပို့ဆောင်ရန် စဉ်းစားနေသည်ဟု Wall Street Journal သတင်းဌာနက ဖော်ပြထားသည်။ ထိုလုပ်ဆောင်မှုသည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် တင်းမာမှုများလျှော့ချနိုင်ရန် ရည်ရွယ်သည့် ခြေလှမ်းတစ်ခုဖြစ်နိုင်ကြောင်း သတင်းဌာနက ရေးသားထားသည်။ အမေရိကန်နှင့် ဆွေးနွေးလျက်ရှိသော သဘောတူညီချက်များတွင် အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းကို ကန့်သတ်သည့်အနေဖြင့် သန့်စင်ပြီး ယူရေနီယံများကို ပြည်ပသို့လွှဲပြောင်းပေးရမည်ဟု ပါဝင်ကြောင်း သတင်းဌာနက ဆိုသည်။ ယင်းလုပ်ဆောင်ချက်သည် ယခင်ကပြုလုပ်ခဲ့ဖူးသည့် နျူကလီးယားသဘောတူညီချက်များ၏ပုံစံအတိုင်း ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ်ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအချို့ကို လျှော့ချပေးရန် မျှော်လင့် နေခြင်းဖြစ်သည်။ ရုရှားနှင့်အီရန်တို့က စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် ယခုကဲ့သို့ နျူကလီးယားပစ္စည်းများ လွှဲပြောင်းမည့် သတင်းထွက်ပေါ်လာခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။