“အမေရိကန်က နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်မည်”

19 Feb

အမေရိကန်နိုင်ငံသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော်လေထုအတွင်း အကြီးအကျယ်ပေါက်ကွဲစေမည့် စမ်းသပ်မှုမျိုးကိုမူ လုပ်ဆောင်မည်မဟုတ်ကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာရိုးက ပြောသည်။ အနာဂတ်မဟာဗျူဟာမြောက်တည်ငြိမ်ရေး ဆွေးနွေးပွဲများတွင် နျူကလီးယားစမ်းသပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စစ်ဆေးအတည်ပြုခြင်း ယန္တရားများကို ထည့်သွင်းဆွေးနွေးသွားနိုင်ကြောင်း ၎င်းကပြောထားသည်။ ယင်းအပြင် New START စာချုပ်သက်တမ်းကုန်ဆုံးခြင်းက မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် နောက်ထပ်အဆင့်တစ်ခုဖြစ်ပြီး ကမ္ဘာ့နျူကလီးယားလက်နက်တိုက်များကို လျှော့ချရန် ထရမ့်၏ရည်မှန်းချက်ကို အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။ သို့သော် အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရုရှားနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များအတွက် သတင်းအချက်အလက်မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်က မဟာမိတ်များကို အကာအကွယ်ပေးထားခြင်းသည် နျူကလီးယားပြန့်ပွားမှု တားဆီးရေးအတွက် အရေးကြီးကြောင်း ထရမ့်က ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

19 Feb

ADVERTISE HERE .