“BNRA အဖွဲ့ခေါင်းဆောင်နဂါး ဥပဒေဘောင်အတွင်းသို့ဝင်ရောက်”
19 Feb
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ တပ်မတော်လုံခြုံရေးစခန်းသို့ BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးနှင့် ၎င်း၏မိသားစုဝင်များက ဖေဖော်ဝါရီလ ၁၈ ရက်ညနေ ၅ နာရီခန့်က ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ နဂါးနှင့် ၎င်း၏မိသားစုဝင်များက တပ်မတော်လုံခြုံရေးစခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကာ နယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆို၍ လိုအပ်တဲ့ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့်အုပ်ချုပ်မှုများကို အဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ စိစစ်မှုများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
19 Feb