“ရုံးပိတ်ရက်ကာလအတွင်း ရွှေစည်းခုံစေတီနှင့်ထီးလိုမင်းလိုဘုရားသို့ ခရီးသွား ၁ သိန်းခွဲကျော် လာရောက် လည်ပတ်”

19 Feb

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီနှင့် ထီးလိုမင်းလိုဘုရားသို့ ရုံးပိတ်ရက်ရှည် ကာလအတွင်း ပြည်တွင်း၊ပြည်ပခရီးသွား ၁ သိန်းခွဲကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ပြည်ထောင်စုနေ့မှ တရုတ်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက်ရှည် ကာလများအတွင်း ရွှေစည်းခုံစေတီတော်ကြီးသို့ ခရီးသွား ၉၀,၀၀၀ ကျော်နှင့် ထီးလိုမင်းလိုဘုရားသို့ ခရီးသွား ၆၀,၀၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့ပါတယ်။ ပြည်ပခရီးသွားဝင်ရောက်မှုတွင် တရုတ်၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ပိုလန်၊ အီတလီနှင့် ဘရာဇီးနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ မကြာမီအချိန်မှာလည်း မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် ကာလရောက်ရှိတော့မှာဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာနိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ (NVS 004)

19 Feb

ADVERTISE HERE .