“သွေးအကြိမ် ၁၀၀ လှူဒါန်းသူ နှစ်ဦးနှင့် အကြိမ် ၂၀ အထက် လှူဒါန်းသူများကို ဂုဏ်ပြုချီးမြှင့်”

19 Feb

မြန်မာနိုင်ငံသွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)က အကြိမ် (၂၀)နှင့် အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့နယ်၌ ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့ကြောင်း သိရပါတယ်။ သွေးလှူဒါန်းတဲ့ အကြိမ်ရေ (၁၀၀) နှစ်ဦးအပါအဝင် အကြိမ် (၂၀)နှင့်အထက် စေတနာသွေးလှူရှင်များ (၆၈) ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဂုဏ်ပြုပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပုံမှန်သွေးလှူဒါန်းခြင်း၊ သွေးလှူဒါန်းပွဲများကျင်းပခြင်းနဲ့ ဘေးကင်း သော လူ့အသက်ကယ်နိုင်သော သွေးနှင့်သွေးရည်ကြည်များကို လိုအပ်တဲ့အချိန်မှာ လူတိုင်းလက်လှမ်းမီ ရရှိနိုင်မည် ဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် စေတနာအလျှောက် လှူဒါန်းသကဲ့သို့ အခြားသူများကိုလည်း တိုက်တွန်း စည်းရုံးကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

19 Feb

ADVERTISE HERE .