“မင်းဘူး(စကု)မြို့နယ်မှာ G-12 ကျောင်းသား၊ ကျောင်းသူများကို စင်တာ ၄ ခုခွဲ၍ Online သင်တန်းပို့ချပေးနေ”
19 Feb
မင်းဘူး(စကု)မြို့နယ်၌ G-12 ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားစေရေးအတွက် စင်တာ ၄ ခုခွဲ၍ Online သင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်ကာ သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါသင်တန်းပို့ချမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူး(စကု)မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)မင်းဘူး၊ အ.ထ.က(၂)မင်းဘူးနှင့် အ.ထ.က(စကု)တို့တွင် သင်ကြားပေးလျက် ရှိကြောင်း သိရပါတယ်။ မြို့နယ်ပညာရေးမှူးရုံးမှာ ကျောင်းသား၊ ကျောင်းသူ ၂၀၈ ဦး၊ အ.ထ.က(၁)မင်းဘူးတွင် ကျောင်းသား၊ ကျောင်းသူ ၂၉၁ ဦး၊ အ.ထ.က(၂)မင်းဘူးတွင် ကျောင်းသား၊ ကျောင်းသူ ၄၀၈ ဦး၊ အ.ထ. က(စကု)တွင် ကျောင်းသား၊ ကျောင်းသူ ၂၇၀ ဦး စုစုပေါင်း ၁,၁၇၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်အထိ နေ့စဥ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)