“မော်တင်စွန်းဘုရားပွဲ‌တော်ကာလအတွင်း ငွေတောင်ကမ်းခြေနှင့်ကျောက္ကလပ်ကမ်းခြေသို့ လည်ပတ်သူများပြား”

19 Feb

မော်တင်စွန်းဘုရားသို့ လာရောက်လည်ပတ်ကြသော ဘုရားဖူးခရီးသည်များက မော်တင်စွန်းနှင့် အနီးတစ်ဝိုက်ရှိ ငွေတောင်ကမ်းခြေနှင့် သဘာဝအလျောက် တည်ရှိနေသော ကျောက္ကလပ်ကမ်းခြေများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရပါတယ်။ ငွေတောင်ကမ်းခြေသို့ မော်တင်စွန်းမှတစ်ဆင့် ဆိုင်ကယ်၊အိုးဝေများနှင့် သွားရောက်ကြတဲ့အပြင် ကျောက္ကလပ်ကမ်းခြေ ဟိုင်းကြီးကျွန်းမှတစ်ဆင့် ပြင်ခရိုင်တစ်ဘက်ကမ်းသို့ စက်လှေစီးကာ သွားရောက်လည်ပတ် ရတာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ဆိုင်ကယ်၊ အိုးဝေ၊ ကားစသဖြင့် လူအနည်းအများပေါ် မူတည်ကာ ငှားရမ်းသွားရောက်ကြခြင်း ဖြစ်ပါတယ်။ ကျောက္ကလပ်ကမ်းခြေမှာ အခြားသောပင်လယ်ကမ်းခြေတွေနှင့်မတူဘဲ သဘာဝအလျောက်ဖြစ်တည်နေတဲ့ ကျောက်မှိုပွင့်ကြီးများ၊ အမြဲစိမ်းစိုနေသည့် ရေညှိကျောက်ခွက်များ တည်ရှိနေတာကြောင့် ခရီးသွားဧည့်သည်များ အလွန်စိတ်ဝင်စားကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက္ကလပ်ကမ်းခြေမှာ ရှင်စောပုဘုရင်မကြီး တည်ထားကိုးကွယ်တော်မူခဲ့တဲ့ ရှင်စောပုစေတီ တည်ရှိခြင်းကြောင့်လည်း သမိုင်းကြောင်းအရ အရေးပါတဲ့နေရာ တစ်ခု ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။ (NVS 004)

19 Feb

ADVERTISE HERE .