“ယာဂန်ကလော့ပ် ကို ခေါ်ယူရန် မန်ယူ၊ ချဲလ်ဆီးအသင်းတို့ ချဉ်းကပ်ခဲ့ဖူးကြောင်း အေးဂျင့်ဖြစ်သူဖွင့်ဟ”

18 Feb

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ကို မန်ယူနှင့် ချဲလ်ဆီးအသင်းတို့က ချဉ်းကပ်ခဲ့ဖူးတယ်လို့ အေးဂျင့်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ အေးဂျင့် မက်ကိုဆစ် က Transfermarkt နဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး ၂၀၂၃-၂၄ ရာသီကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကလော့ပ် ဟာ အင်္ဂလန်၊ အမေရိကန်စတဲ့ နိုင်ငံလက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရနိုင်တဲ့ အခြေအနေရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ ပါတယ်။ မိန့်ဇ်နဲ့ ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်ဟာ အန်ဖီးလ်မှာ နည်းပြအဖြစ် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် လက်ရှိမှာ ရက်ဘူးလ် ရဲ့ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေပါတယ်။ (NVS 008)

18 Feb

ADVERTISE HERE .