“FA Cup ဗိုလ်ဆွဲရန် ရေပန်းအစားဆုံးဖြစ်နေတဲ့ အာဆင်နယ်အသင်း”

18 Feb

FA Cup ပဉ္စမအဆင့်ပွဲစဉ်များ ရေးဆွဲပြီးနောက် ချန်ပီယံဆု အာဆင်နယ်အသင်းသာ ရေပန်းအစားဆုံး အဖြစ် ဆက်ရှိနေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက ထိပ်ဆုံးမှာရှိနေပြီး မန်စီးတီးအသင်းက ဒုတိယ၊ လီဗာပူးလ်အသင်းက တတိယ နှင့် ချဲလ်ဆီးအသင်းက စတုတ္ထနဲ့ အသီးသီးရပ်တည်နေပါတယ်။ အာဆင်နယ်အသင်း ဟာ ပဉ္စမအဆင့်မှာ League One ကလပ် မန်းစ်ဖီးလ်နဲ့သာ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။ နယူးကာဆယ်-မန်စီးတီး ပွဲအပြင် ဝုလ်ဗ်-လီဗာပူးလ်၊ ဝက်စ်ဟမ်း-ဘရန့်ဖို့ဒ်စတဲ့ ပရီးမီးယားလိဂ် ကလပ်အချင်းချင်းတွေ့ဆုံမှု သုံးပွဲပါဝင်ခဲ့ပါတယ်။ ချဲလ်ဆီးအပါအဝင် ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊ လိဒ်စ်စတဲ့ ပရီးမီးယားလိဂ်ကလပ်တွေကတော့ အောက်တန်းမှအသင်းတွေနဲ့သာ ကစားရမှာဖြစ်ပါတယ်။ (NVS 008)

18 Feb

ADVERTISE HERE .