“ပယ်နယ်တီမဝင်ခဲ့တာကြောင့် မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်ခဲ့တဲ့ ယာမယ်”

18 Feb

ဘာစီလိုနာဆယ်ကျော်သက်တိုက်စစ်ကစားသမား ယာမယ် ဟာ ဂျီရိုနာအသင်းနဲ့ပွဲစဉ်မှာ ပယ်နယ်တီ မဝင်ခဲ့လို့ မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်ခဲ့ပါတယ်။ ပထမပိုင်းနာကျင်အချိန်ပိုမှာ ပယ်နယ်တီကန်ခွင့်ရတာကို ယာမယ် ကန်သွင်းခဲ့ရာ လွဲချော်ခဲ့ပါတယ်။ ယာမယ် အနေနဲ့ အခုရာသီမှာ ပထမဆုံးအကြိမ် ပယ်နယ်တီလွဲချော်ခဲ့တာကြောင့် စီနီယာကစားသမားဘဝမှာ ပထမဆုံးအကြိမ် လာလီဂါလေးပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းနဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။ ယာမယ် ဟာ အခုပွဲမတိုင်ခင် အိုဗီယေဒို၊ အယ်လ်ချီ၊ မာယော့ကာစတဲ့ လာလီဂါသုံးပွဲဆက် ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

18 Feb

ADVERTISE HERE .