“အသင်းပိုင်ရှင်အပေါ် ယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့တဲ့ နော်တင်ဟမ်နည်းပြသစ် ဗစ်တာပါရဲရာ ”
18 Feb
နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြသစ် ဗစ်တာပါရဲရာ က အသင်းပိုင်ရှင် မာရီနာကစ် အပေါ် ယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပိုင်ရှင် မာရီနာကစ် ဟာ နူနိုဆန်တို ကို ရာထူးက ထုတ်ပယ်ပြီးနောက် ပိုစတီကိုဂလူး၊ ရှောင်ဒိုက်တို့ကို ၁၆၁ ရက်အတွင်းမှာ ဆက်လက်ထုတ်ပယ်ခဲ့ကာ ပါရဲရာ ကို စတုတ္ထမြောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ပါရဲရာ ဟာ မာရီနာကစ် ပိုင်ဆိုင်တဲ့ ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို ၂၀၁၅ ခုနှစ်က ခြောက်လကြာ ကိုင်တွယ်ခဲ့ဖူးပြီး ဆယ်စုနှစ်အတွင်း ပထမဆုံးအဖြစ် အမှတ်ပေးဖလားနဲ့ ဂရိဖလား နှစ်လုံးတို့ကို ရယူပေးနိုင်ခဲ့ ပါတယ်။ အခု နော်တင်ဟမ်နည်းပြအဖြစ် ပွဲဦးထွက်မှာပဲ အသင်းဟောင်း ဖီနာဘာချီအသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဗစ်တာပယ်ရေရာ ဟာ နော်တင်ဟမ်အသင်းပိုင်ရှင် မာရီနာကစ်နဲ့ ဆက်ဆံရေးကောင်းရှိသူလို့ သိရပါတယ်။ (NVS 008)
18 Feb