“ဗြိတိန်၏နျူကလီးယားထီးရိပ်က ဥရောပကို ကာကွယ်ပေးနိုင်မည်မဟုတ်ဟု ရုရှားသတိပေး”

18 Feb

ဗြိတိန်၏နျူကလီးယားထီးရိပ်သည် ဥရောပတိုက်ကို ကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် ယင်း ကဲ့သို့ လက်နက်အင်အားချဲ့ထွင်ရန် ကြိုးပမ်းမှုများသည် ဒေသတွင်းတင်းမာမှုကိုသာ မြင့်တက်စေမည် ဖြစ်ကြောင်း ရုရှားအစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်တွင် သတိပေးလိုက်သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ သည် ဗြိတိန်၏နျူကလီးယားလက်နက်များက NATO တပ်ဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ပေးနေသည်ဟု မြူးနစ် လုံခြုံရေးညီလာခံ၌ ပြောဆိုခြင်းအပေါ် ရုရှားကယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ဗြိတိန်နှင့်ပြင်သစ်တို့၏ နျူကလီးယားလက်နက် တိုးမြှင့်ဖြန့်ကြက်ရေးဆွေးနွေးမှုများသည် လက်တွေ့မကျသည့်အပြင် ရန်လိုသော လုပ်ရပ် များသာ ဖြစ်သည်ဟု ဝေဖန်သည်။ ထို့ပြင်ဗြိတိန်၏ နျူကလီးယားအကာအကွယ်သည် အမေရိကန်၏ နည်းပညာနှင့်ထိန်းချုပ်မှုအပေါ်တွင်သာ မှီခိုနေရသဖြင့် ဥရောပအတွက် လွတ်လပ်သောအာမခံချက်တစ်ခု မဖြစ် နိုင်ကြောင်း ထောက်ပြထားသည်။ ဥရောပနိုင်ငံများကြား နျူကလီးယားလက်နက်များအပေါ် အပြန်အလှန် ဆွေးနွေးခြင်းမှာ အမေရိကန်၏ ကာကွယ်ရေးအာမခံချက်အပေါ် စိုးရိမ်မှုများကြောင့်ဖြစ်သည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

18 Feb

ADVERTISE HERE .