“ယခုလပိတ်ရက်ရှည်အတွင်း မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးဧည့်သည် ဝင်ရောက်မှု ၃၀,၀၀၀ ကျော်ရှိ”
18 Feb
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီး၏ ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ ရက်ပေါင်း ၈၆ ရက်ကြာကျင်းပလျက်ရှိရာ အများပြည်သူရုံးပိတ်ရက်ရှည်ကာလအ တွင်း၌ တည်းခိုဆောင်အခန်းများပြည့်သည်အထိစည်ကားလျက်ရှိကြောင်း သိရပါတယ်။ မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်စတင်ကျင်းပတဲ့ ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက် အထိ အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာသူ ၃၀,၀၀၀ ဦးကျော်ရှိခဲ့ပြီး ထပ်မံလာရောက်သူများလည်းရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့နှင့် ဘုရားပွဲတော်ကျင်းပရေးကော်မတီတို့မှ ဘုရားဖူးလာသူ များကို စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်စားသောက်နိုင်ရေးအတွက် တည်းခိုဆောင်များနှင့်စားသောက် ဆိုင်ခန်း များကို စီစဥ်ပေးထားကြောင်း သိရပါတယ်။ (NVS 004)
18 Feb