“မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များတင်လှူပူဇော်မည်”

18 Feb

မန္တလေးမြို့ရဲ့ အထင်ကရမဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ တင်လှူပူဇော်ရန်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရန်ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မှ ဖေဖော်ဝါရီလ ၁၇ ရက်က ကြည့်ရှုစစ်ဆေးပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်တော် ရွှေကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ငှက်မြတ်နားတော်၌ချိတ်ဆွဲရန် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးအောင်အောင် နှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်လှလှဝေ(ဂရိတ်စိန်-စိန်ရွှေရတနာဆိုင်)မိသားစုကလှူဒါန်းတဲ့ မိုးကုတ်ပတ္တမြား ၁၀၉ ပွင့်၊ စိန်ဖွေးသန့် ၈၅ ပွင့်၊ ရွှေတန်ချိန် ၁၆ ဒသမ ၀၁၆ ဂရမ်တို့ကို လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

18 Feb

ADVERTISE HERE .