“ငလျင်ဒဏ်ခံခဲ့ရတဲ့ နေပြည်တော်ဝန်ထမ်းအိမ်ရာများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြား”

18 Feb

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ နေပြည်တော်ဝန်ထမ်းအိမ်ရာများ သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး က မှာကြားခဲ့ပါတယ်။ ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်က ငလျင်ဒဏ်‌ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်ရှိ ၂ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာတိုက် အမှတ် (၄၁)၊ (၄၃) နှင့် (၄၄)တို့မှာ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မြို့တော်ဝန် ဦးသန်းထွန်းဦး က လုပ်ငန်းအဆင့်အလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ရေရှည် တည်တံ့မှုရှိစေရေး အရည်အသွေးပြည့်မီတဲ့ ပစ္စည်းများကိုသာ လုပ်ငန်းခွင်မှာ အသုံးပြုရန်၊ သဘာဝဘေး အန္တရာယ်များခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ဇေယျသိဒ္ဓိရပ်ကွက်၊ ပြည်ကြီးမဏ္ဍိုင်လမ်းမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ကွန်ကရစ်လမ်း ပျက်စီးမှုများကို ကျောက်ကတ္တရာခင်းခြင်း၊ ပလက်ဖောင်းပြုပြင်ခြင်းနှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)

18 Feb

ADVERTISE HERE .