ယူကရိန်းအရေးနှင့် အီရန်အရေးဆွေးနွေးမှုများကို ဂျီနီဗာမြို့၌ တစ်ပြိုင်နက်တည်းဆောင်ရွက်မည်

17 Feb

ယူကရိန်းအရေးနှင့် အီရန်အရေး ဆွေးနွေးမှုများကို ဖေဖော်ဝါရီလ ၁၇ ရက်(ယနေ့)တွင် ဂျီနီဗာမြို့၌ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံတမန်သတင်းအရင်းအမြစ်တစ်ခုက ဖေဖော်ဝါရီလ ၁၆ ရက် တွင်ပြောသည်။ “ယူကရိန်းအရေး၊ အီရန်အရေးတို့နဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ တစ်ပြိုင်နက်တည်း လုပ်သွားမှာပါ။ အီရန်အရေးဆွေးနွေးမှုများကိုတော့ အိုမန်နိုင်ငံက ကမကထပြုသွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါအရင်းအမြစ်က ပြောသည်။ ယူကရိန်းအရေးနှင့်ပတ်သက်၍ ယခုပြုလုပ်သည့်ဆွေးနွေးမှုက တတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးမှုကို ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အဘူဒါဘီမြို့၌လည်းကောင်း၊ ဒုတိယအကြိမ်ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်တို့တွင်လည်းကောင်း တံခါးပိတ်အနေဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အီရန်အရေးနှင့်ပတ်သက်၍ အီရန်နှင့် အမေရိကန် တာဝန်ရှိသူများကြား သွယ်ဝိုက်ဆွေးနွေးမှုများကို လုပ်ဆောင်ထားပြီးဖြစ်သည်။ ယခုအခါ အီရန်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာမြို့သို့ ရောက်ရှိနေပြီး အဏုမြူစွမ်းအင်အေဂျင်စီဥက္ကဋ္ဌနှင့် နျူကလီးယားအရေးဆွေးနွေးနေသည်။

17 Feb

ADVERTISE HERE .