ပေါင်ကြွက်သားဒဏ်ရာကြောင့် ရှစ်ပတ်ခန့်အနားယူရမည့် ဂူမာရေ့စ်
15 Feb
နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား ဂူမာရေ့စ် ဟာ စပါးနှင့် နယူးကာဆယ်အသင်းတို့ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ရှစ်ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂူမာရေ့စ် ဟာ စပါးအသင်းနှင့်ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး ချိန်တွင် ပေါင်ကြွက်သားဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပါတယ်။ အသင်းဆေးအဖွဲ့က လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒဏ်ရာအခြေအနေမှာ ရက်သတ္တရှစ်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းအနေဖြင့် ဒဏ်ရာရကစားသမား မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရကာ ဂူမာရေ့စ် ကလည်း ပေါင်ကြွက်သားဒဏ်ရာကြောင့် လာမည့်အက်ဖ်အေနှင့် ချန်ပီယံလိဂ်ပွဲစဉ်များအပြင် ပရီးမီးယားလိဂ် ပွဲစဉ်အများအပြားကို လွဲချော်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)
15 Feb