ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ဒါလော့ ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စား

15 Feb

ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် မန်ယူအသင်းနောက်ခံလူ ဒါလော့ ကို ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒါလော့ က မန်ယူအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မန်ယူအသင်းမှထွက်ခွာ၍ အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ရီးရဲလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ခံစစ်ပိုင်းကို အားဖြည့်ရန်စီစဉ်နေသည့် ရီးရဲလ်အသင်းက ကမ်းလှမ်းမှုများ လုပ်ဆောင်လာဖွယ်ရှိကြောင်း သိရပါတယ်။ ဒါလော့ ဟာ ၂၀၁၈ ခုနှစ်တွင် ပေါ်တိုအသင်းမှ မန်ယူအသင်းထံသို့ ပေါင် ၁၉ သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .