စပါးအသင်းက နည်းပြ တူဒေါ ကို နည်းပြသစ်အဖြစ် ယခုနှစ်ဘောလုံးရာသီအကုန်ထိ ကာလတိုစာချုပ်ဖြင့်ခန့်အပ်

15 Feb

စပါးအသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် နည်းပြ တူဒေါ ကို လက်ရှိဘောလုံးရာသီအကုန်ထိ ကာလတိုစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေခဲ့လို့ နယူးကာဆယ်အသင်း ကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင် နည်းပြ ဖရန့် ကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိ နည်းပြ တူဒေါ က အီတလီထိပ်တန်း ကလပ်အသင်းကြီးများဖြစ်သည့် လာဇီယိုနှင့် ဂျူဗင်တပ်အသင်းတို့ကို တာဝန်ယူခဲ့ဖူးသည့်အပြင် မာလ်ဆေးအသင်းကိုလည်း တာဝန်ယူခဲ့ဖူးပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဂျူဗင်တပ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်းဖြစ်ပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .