ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် စတာလင် နယ်သာလန်ကလပ် ဖီယင်နုအသင်းသို့ပြောင်းရွှေ့

15 Feb

ချဲလ်ဆီးအသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသော စတာလင် အနေနဲ့ နယ်သာလန်ကလပ် ဖီယင်နုအသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ ပါတယ်။ အသက် ၃၁ နှစ်ရှိ စတာလင် ဟာ ချဲလ်ဆီးအသင်းတွင် ကာလရှည်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေခဲ့ရလို့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အာဆင်နယ်အသင်းတွင် တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ သော်လည်း အာဆင်နယ်အသင်းက အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူခြင်းမရှိတာကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ရခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း စတာလင် ကို အသင်းတွင် ဆက်လက်ထားလိုခြင်းမရှိဘဲ စာချုပ်ဖျက်သိမ်းခဲ့ပြီး နောက် ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ စတာလင် အနေနဲ့ ဇန်နဝါရီလက ဥရောပမှ ကလပ်အသင်း အများအပြားနှင့် ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ယခုအခါ ဖီယင်နုအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ဖီယင်နုအသင်းကို မန်ယူအသင်းကစားသမားဟောင်း ဗန်ပါစီ က နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေပြီး နယ်သာလန်လိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားအဆင့်(၂)နေရာ၌ ရပ်တည်ထားကြောင်း သိရပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .