ပရီးမီးယားလိဂ်ပြိုင်ပွဲ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုကို မန်ယူအသင်း နည်းပြ ကာရစ် ဆွတ်ခူး

15 Feb

ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်လတာအကောင်းဆုံး နည်းပြဆုကို မန်ယူအသင်းနည်းပြ ကာရစ် က ဆွတ်ခူးခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၄၂ နှစ်ရှိ နည်းပြ ကာရစ် က မန်ယူအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဇန်နဝါရီလအတွင်း ၎င်းတာဝန်ယူကိုင်တွယ်ခဲ့သည့် နှစ်ပွဲတွင် မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့တာကြောင့် ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်နည်းပြစာရင်းတွင် ပါဝင်ခဲ့သည့် ချဲလ်ဆီးအသင်းနည်းပြ ရိုစီနီယာ ကို ကျော်ဖြတ် ပြီး ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ နည်းပြ ကာရစ် အနေဲ့ မန်ယူအသင်းကို တာဝန်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ငါးပွဲတွင် တစ်ပွဲမျှ ရှုံးနိမ့်ခဲ့ခြင်းမရှိသေးဘဲ မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ စပါးအသင်းတို့ကို ဆက်တိုက်နိုင်ပွဲရရှိခဲ့လို့ ရလဒ်များ ဆက်တိုက်ကောင်းမွန်လာခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .