အင်္ဂလန်အသင်းက နည်းပြ တူချယ် ကို ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို
15 Feb
အင်္ဂလန်အသင်းက အသင်းနည်းပြ တူချယ် ကို ၂၀၂၈ ခုနှစ်ထိ နှစ်နှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်အသင်းက ကာလရှည်လက်တွဲခဲ့သည့် နည်းပြ ဆောက်ဂိတ် နှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ချဲလ်ဆီးအသင်းနည်းပြဟောင်း တူချယ် ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၅၂ နှစ်ရှိ နည်းပြ တူချယ် က ၂၀၂၅ ခုနှစ် ဇန်နဝါရီလက အင်္ဂလန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအဆင့်တွင် ပွဲစဉ်အားလုံးတွင် ပွဲစဉ်အားလုံးတွင် ပေးဂိုးမရှိဘဲ အနိုင်ရခဲ့မှုနဲ့အတူ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ နည်းပြ တူချယ် နှင့် အင်္ဂလန်အသင်းတို့ စာချုပ်သက်တမ်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမှာ ဖြစ်လို့ အင်္ဂလန်အသင်းက ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသည့် နည်းပြ တူချယ် ကို ၂၀၂၈ ခုနှစ်ထိ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရပါတယ်။(NVS 008)