ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်ပွဲ အများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ ဂျိမ်းမီနာ
13 Feb
ဘရိုက်တန်အသင်း ဝါရင့်ကွင်းလယ်ကစားသမား ဂျိမ်းမီနာ အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၄၀ နှစ်ရှိ ဂျိမ်းမီနာ ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ အေဗီလာနှင့် ဘရိုက်တန်အသင်းတို့ ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက အေဗီလာအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ဘရိုက်တန်အသင်းမှ ကွင်းလယ်ကစားသမား ဘာလီဘာ ပွဲချိန် ၂၂ မိနစ်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ဂျိမ်းမီနာ က လူစားဝင်ကစားခဲ့ခြင်း ဖြစ်ပါတယ်။ အေဗီလာအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဂျိမ်းမီနာ ပါဝင်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲပေါင်း ၆၅၄ ပွဲရှိလာသဖြင့် အေဗီလာနှင့်မန်စီးတီးအသင်း ကစားသမားဟောင်း ဘယ်ရီ ကို တစ်ပွဲအသာဖြင့်ကျော်ဖြတ်ပြီး ပွဲအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)