အိန္ဒိယတောင်သူများ အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြ

13 Feb

အိန္ဒိယနှင့် အမေရိကန်တို့ ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်သည် ပြည်တွင်းစိုက်ပျိုးရေး ကဏ္ဍကို ထိခိုက်စေနိုင်သည်ဟုဆိုကာ တောင်သူထောင်ပေါင်းများစွာနှင့် အလုပ်သမားသမဂ္ဂများက ဖေဖော်ဝါရီလ ၁၂ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်ဆန္ဒပြခဲ့သည်။ ထိုကုန်သွယ်ရေးမူဘောင်အရ အိန္ဒိယနိုင်ငံသည် အမေရိကန်မှ စက်မှုကုန်ပစ္စည်းများနှင့် အချို့သော စိုက်ပျိုးရေးထွက်ကုန်များအပေါ် အခွန်လျှော့ချပေးရန် သဘောတူထားခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် နိုင်ငံတကာ စိုက်ပျိုးရေးကုမ္ပဏီကြီးများထံ အညံ့ခံခြင်းဖြစ်ပြီး အမေရိကန်မှ ဈေးပေါသော ပဲပုပ်ဆီနှင့် တိရစ္ဆာန် အစာများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာပါက ပြည်တွင်းတောင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ပျက်စီး စေမည်ဟု ဆန္ဒပြသူများကပြောသည်။ အိန္ဒိယကုန်သွယ်ရေး ဝန်ကြီးကမူ အရေးကြီးစိုက်ပျိုးရေးကဏ္ဍများကို ကာကွယ်ထားကြောင်းနှင့် စိုးရိမ်ရန် မလိုကြောင်းပြောထားသည်။

13 Feb

ADVERTISE HERE .