ဘရာဟင်မ်ဒီယက်ဇ် ကို ဆော်ဒီနှင့် ဥရောပကလပ်အသင်းများက ခေါ်ယူရန်ဆန္ဒရှိ
12 Feb
ဆော်ဒီကလပ်အသင်း တစ်သင်းက ရီးရဲလ်အသင်း တိုက်စစ်ကစားသမား ဘရာဟင်မ်ဒီယက်ဇ် ကို ယူရိုသန်း ၈ဝ ဝန်းကျင် ဖြင့်ကမ်းလှမ်းရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဆော်ဒီကလပ်အသင်းများအနေနဲ့ ဥရောပမှ ထိပ်တန်းကစားသမားများကို ခေါ်ယူရန်ကြိုးပမ်းလျက်ရှိရာ ဘရာဟင်မ်ဒီယက်ဇ် ကိုလည်း ၎င်းတို့ရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဟင်မ်ဒီယက်ဇ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး လက်ရှိတွင် အသင်းနှင့်အတူ ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ဘရာဟင်မ်ဒီယက်ဇ် ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသလို၊ ဥရောပထိပ်တန်းအသင်းများကလည်း ၎င်းကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)
12 Feb