စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ် အား ရာထူးမှထုတ်ပယ်
12 Feb
စပါးအသင်းက နည်းပြ သောမတ်စ်ဖရန့်ခ် အား နည်းပြရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲကစားအပြီးတွင် ရမှတ် ၂၉ မှတ်ဖြင့် အဆင့်(၁၆)နေရာတွင် ရပ်တည်နေပြီး ရလဒ်များအလွန်ဆိုးရွားနေခြင်းကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ် အား နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ သောမတ်စ်ဖရန့်ခ် ဟာ စပါးအသင်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၃၈ ပွဲတွင် ၁၃ ပွဲနိုင်၊ ၁၁ ပွဲသရေ၊ ၁၄ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် မာဆေးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဗီ က ရေပန်းစားနေပါတယ်။(NVS 008)
12 Feb