အသင်းကြီးသုံးသင်းက အယ်ဗာရက်ဇ် အား အပြိုင်ခေါ်ယူရန်ကြိုးပမ်းနေ

11 Feb

လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှ ထွက်ခွာရန်ဆုံးဖြတ် ထားသည့် တိုက်စစ်ကစားသမား အယ်ဗာရက်ဇ် အား ဥရောပအသင်းကြီးသုံးသင်းက အပြိုင်ခေါ်ယူရန် ကြိုးပမ်း နေကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် အယ်ဗာရက်ဇ် ဟာ ၂၀၂၄ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၂၉ ဂိုးအထိ သွင်းယူနိုင်ပြီး ဂိုးဖန်တီးမှုခုနစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အယ်ဗာရက်ဇ် အနေနဲ့ လက်ရှိဘောလုံးရာသီတွင် ခြေစွမ်းပြကစားလျက်ရှိသော်လည်း နည်းပြ ဆီမြွန်နီ နဲ့ ဆက်ဆံရေးမှုပြေလည်မှု မရှိတာကြောင့် ယခုဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ အယ်ဗာရက်ဇ် အနေနဲ့ ဘာစီလိုနာအသင်းနှင့် အစောပိုင်းကတည်းက အပြောင်းအရွှေ့သတင်းများထွက် ပေါ်နေပြီး ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းကြီးများဖြစ်သည့် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်း တို့က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း အယ်ဗာရက်ဇ် ကိုယ်တိုင်က ပရီးမီးယားလိဂ်ကလပ်အသင်းများထက် ဘာစီလိုနာအသင်းသို့သာ ပြောင်းရွှေ့ကစားလိုနေကြောင်း သိရပါတယ်။(NVS 008)

11 Feb

ADVERTISE HERE .