“ရာထူးနှင့် မထိုက်တန်ပါက နုတ်ထွက်သွားမယ်လို့ဆိုတဲ့ နည်းပြ အက်ဒီဟောင်း”
11 Feb
နယူးကာဆယ်အသင်းနည်းပြရာထူးနဲ့ မထိုက်တန်ဘူးလို့ ထင်လာတဲ့အချိန်မှာ အသင်းကနေ နုတ်ထွက်သွားမယ်လို့ နည်းပြ အက်ဒီဟောင်း က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အိမ်ကွင်းမှာ ဘရန်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်အသင်း ပရိသတ် တွေဟာ နည်းပြ အက်ဒီဟောင်း နဲ့ ကစားသမားတွေကို လှောင်ပြောင်ခဲ့ကြပါတယ်။ နယူးကာဆယ်အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ်အဆင့် (၁၂)နေရာကို ရောက်နေပြီး အဆင့် (၄) နေရာက မန်ယူအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်တယ်ဆိုတာကို သံသယမရှိတဲ့အတွက် နည်းပြထိုင်ခုံမှာ သူဆက်ရှိနေတာဖြစ်တယ်လို့ နည်းပြ အက်ဒီဟောင်း က ပြောကြားသွားပါတယ်။ နယူးကာဆယ် အသင်းဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁ ပွဲသာအနိုင်ရထားခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေရဲ့ ထောက်ခံမှုကို အပြည့်အဝရယူထားနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်း အက်ဒီဟောင်း က ပြောကြားခဲ့ပါတယ်။ (NVS 008)