“လေးရာသီအတွင်း အသင်းငါးသင်းအထိ ပြောင်းရွှေ့ခဲ့တဲ့ ဒူရန်”

11 Feb

ကိုလံဘီယာလူငယ်တိုက်စစ်မှူး ဒူရန် ဟာ ရုရှားကလပ် ဇင်းနစ်အသင်းထံ ရာသီကုန်အထိ အငှားထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါကြောင့် ဒူရန် အနေနဲ့ လေးရာသီအတွင်းမှာ ကလပ်အသင်း ငါးသင်းအထိ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒူရန် ဟာ မိခင်နိုင်ငံကလပ် အန်ဗီဂါဒိုအသင်းနဲ့ ပရိုပွဲဦးထွက်ခဲ့ပြီး ချီကာဂိုဖိုင်းယား၊ အက်စတွန်ဗီလာ၊ အယ်လ်နာဆာ၊ ဖီနာဘာချီအသင်းတွေမှာ ကစားခဲ့ပါတယ်။ ဒူရန် ဟာ အယ်လ်နာဆာကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကာ ဖီနာဘာချီအသင်းနဲ့ အငှားစာချုပ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒူရန် ဟာ ဖီနာဘာချီအသင်းမှာ ပြိုင်ပွဲစုံ ၂၁ ပွဲကစား ငါးဂိုးသွင်း၊ နှစ် ဂိုး ဖန်တီး ပေးခဲ့ပါတယ်။ အယ်လ်နာဆာအသင်းဟာ ဒူရန်ကို ဖီနာဘာချီအသင်းကနေ ခေါ်ယူခဲ့ချိန်မှာ ယူရို ၇၇ သန်းလောက် ကုန်ကျခဲ့ပါတယ်။ (NVS 008)

11 Feb

ADVERTISE HERE .