“ရာသီကုန်အထိ အနားယူရတော့မယ့် ဂရီးလစ်ရှ်”

11 Feb

မန်စီးတီးအသင်းကနေ အဲဗာတန်အသင်းကို အငှားလာရောက်ကစားနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ် ဟာ ခြေထောက်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရလို့ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ် ဟာ ကမ္ဘာ့ဖလားကစားခွင့် မျှော်လင့်ချက်အတွက် ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးအသင်းကနေ အဲဗာတန်အသင်းမှာ အငှားလာ‌ရောက်ကစားနေခြင်းဖြစ်ပါတယ်။ နည်းပြ ဒေးဗစ်မွိုက်စ် ရဲ့အသင်းမှာ ပုံမှန်နေရာ သေချာခဲ့ပြီး နှစ်ဂိုးသွင်းကာ ခြောက်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဂရီးလစ်ရှ် ရဲ့ဒဏ်ရာခွဲစိတ်မှုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် သောမတ်စ်တူချယ် ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရမယ့် မျှော်လင့်ချက် ပျက်စီးခဲ့ရပါတယ်။ (NVS 008)

11 Feb

ADVERTISE HERE .