“ရွေးကောက်ပွဲဝင်ရောက်ရန် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ လာပေါ်တာ”

11 Feb

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ဟာ လာမယ့် မတ်လ ၁၅ ရက်မှာပြုလုပ်မယ့် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံရန်အတွက် ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကလပ်စည်းမျဉ်းအရ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သူဟာ ရွေးကောက်ပွဲမတိုင်ခင် ရာထူးမှ နုတ်ထွက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပချိန်အထိ စီမံခန့်ခွဲမှုကော်မရှင်က အသင်းကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အဆိုပါကော်မရှင်ကို ၂၀၂၁ ဥက္ကဋ္ဌရွေးကောက်ပွဲပြီးကတည်းက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရာဖာယူစတေ က ဦးဆောင်ရမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ လာပေါ်တာ ဟာ ဗစ်တာဖောင့်၊ မက်စီရီယာ၊ ဇာဗီယာဗီယာယိုအန်နာ၊ ကမ်ပရူဘီတို့နဲ့ ယှဉ်ပြိုင်ရွေးချယ်ခံမှာဖြစ်တယ်။ လာပေါ်တာအနေနဲ့ ၂၀၂၁ ခုနှစ်က ဘာစီလိုနာအသင်းဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံရပြီးပထမအကြိမ်မှာ ၂၀၀၃ ကနေ ၂၀၁၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

11 Feb

ADVERTISE HERE .