“ကိုပါအီတာလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ ကိုမိုအသင်း”

11 Feb

ကိုမိုအသင်းဟာ ကိုပါအီတာလီယာ ကွာတားဖိုင်နယ်မှာ နာပိုလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကိုပါအီတာလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ နာပိုလီကွင်းမှာ ယှဉ်ပြိုင်ရတဲ့ပွဲမှာ ပုံမှန်ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ကိုမိုအသင်းက ၇ ဂိုး၊ ၆ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်ကို တက်‌ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုမိုအသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၈၆ ခုနှစ်က တစ်ကြိမ်သာ တက်ရောက်ရှိဖူးတာကြောင့် နှစ်ပေါင်း ၄၀ ကြာမှ တစ်ကျော့ပြန်တက်ရောက်နိုင်ခြင်းဖြစ်ပါတယ်။ (NVS 008)

11 Feb

ADVERTISE HERE .