“ကက်စ်မဲရိုး နေရာမှာ တိုနာလီနဲ့ အစားထိုးမယ့် မန်ယူအသင်း”
10 Feb
မန်ယူအသင်းဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကက်စ်မဲရိုး ရဲ့နေရာမှာ နယူးကာဆယ် အသင်း ကစားသမား တိုနာလီ ကို ခေါ်ယူအစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ တိုနာလီ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်း ခေါ်ယူဖို့ စီစဉ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့ဖူးပေမယ့် သူ့ရဲ့ အေးဂျင့်က ရာသီကုန်ချိန်မှာ အနာဂတ်အတွက် ဆုံးဖြတ်သွားမယ်လို့ ပြောကြား ထားပါတယ်။ နယူးကာဆယ်အသင်းက တိုနာလီ ကို ရောင်းထုတ်မယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဝန်းကျင်ရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။ နယူးကာဆယ်အသင်းဟာ တိုနာလီ ကို ၂၀၂၃ နွေရာသီမှာ အေစီမီလန်အသင်းကနေ ယူရိုသန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူထားတာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိဖြစ်တဲ့အပြင် တစ်နှစ်သက်တမ်းထပ်တိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)
10 Feb