“ထရန်ဆဲလ်ဗေးနီးယား ပြိုင်ပွဲရဲ့ ဖိုင်နယ်မှာ နှစ်ပွဲပြတ်နဲ့ ရှုံးနိမ့် ရာဒူကာနူ”

09 Feb

ရိုးမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ထရန်ဆဲလ်ဗေးနီးယားအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဗြိတိန်အဆင့် (၁) တင်းနစ်မယ် ရာဒူကာနူ က ဖိုင်နယ်အဆင့်မှာ ကိုလံဘီယာတင်းနစ်မယ် ခရစ်စထရီးစ် ကို ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါဖိုင်နယ်ပွဲစဉ်မှာ ဗြိတိန်အဆင့် (၁) တင်းနစ်မယ် ရာဒူကာနူ နဲ့ ကိုလံဘီယာတင်းနစ်မယ် ခရစ်စထရီးစ် ပွဲစဉ်က အကြိတ်အနယ်ရှိခဲ့ပြီး ခရစ်စထရီးစ် က အကောင်းဆုံးလက်စွမ်းနဲ့အတူ ၆-၀၊ ၆-၂ ဆိုတဲ့ နှစ်ပွဲပြတ်ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရာဒူကာနူ အတွက်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရယူနိုင်ပြီးနောက်ပိုင်း ပြိုင်ပွဲတစ်ခုရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ၄ ကြိမ်မြောက်တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ (NVS 008)

09 Feb

ADVERTISE HERE .