ချဲလ်ဆီးရဲ့ ဟက်ထရစ်အများဆုံးကစားသမားအဖြစ် ကိုးလ်ပါးမား မှတ်တမ်းသစ်ကို ရရှိခဲ့

09 Feb

ချဲလ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါးမားဟာ ဝုလ်ဗ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် အသင်း ရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ ဟက်ထရစ်အများဆုံး ကစားသမားအဖြစ် မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ ပါးမားဟာ ၁၃၊ ၃၅ မိနစ်တွေမှာ ပယ်နယ်တီနှစ်ဂိုးဆက်သွင်းပြီး ၃၈ မိနစ်မှာ တစ်ဂိုးထပ်သွင်းလို့ ဟက်ထရစ်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဟက်ထရစ်ဟာ ပါးမားအတွက် ချဲလ်ဆီးအသင်းတွင် စတုတ္ထမြောက် ပရီးမီးယားလိဂ်ဟက်ထရစ်ဖြစ်ပြီး အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ ဟက်ထရစ်အများဆုံး ဖြစ်လာခဲ့ပါတယ်။ ပါးမားရဲ့ ဟက်ထရစ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ကြာချိန် ၃၈ မိနစ်သာရှိခဲ့လို တတိယအမြန်ဆုံး ဟက်ထရစ်ဖြစ်ခဲ့တယ်။ ပထမနဲ့ဒုတိယအမြန်ဆုံးဟက်ထရစ်တွေကို ပါးမားပဲ ရရှိခဲ့တာဖြစ်ပြီး အဲဗာတန်နဲ့ပွဲမှာ ၂၉ မိနစ်၊ ဘရိုက်တန်နဲ့ပွဲမှာ ၃၁ မိနစ်နဲ့ ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲသမိုင်းမှာ ပထမပိုင်းဟက်ထရစ်သုံးကြိမ်ရှိတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ အခုပွဲမှာ ပါးမားဟာ ချဲလ်ဆီးအသင်းအတွက် စုစုပေါင်း ၅၁ ဂိုး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ (NVS 008)

09 Feb

ADVERTISE HERE .