မန်ယူအသင်းနှင့်မပူးပေါင်းဘဲ ဘာစီလိုနာအသင်းတွင် လုပ်ခလစာလျှော့ယူပြီး ဆက်လက်ကစားရန်ဆုံးဖြတ် ထားတဲ့ ရက်ရှ်ဖို့ဒ်
06 Feb
မန်ယူအသင်းမှ ဘာစီလိုနာအသင်းထံသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့တဲ့ တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ် က အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းမှာမဟုတ်ဘဲ ဘာစီလိုနာအသင်းတွင်သာ လုပ်ခလစာလျှော့ယူပြီး အပြီးသတ်စာချုပ်ဖြင့် ဆက်လက်ကစားရန် ဆုံးဖြတ် ထားကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အစောပိုင်းနှစ်များက ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့သော်လည်း နည်းပြဟောင်း အမိုရင် မန်ယူအသင်းကို ကိုင်တွယ်စဉ်က ကစားခွင့် မရရှိဘဲ ဆက်ဆံရေးတင်းမာမှုများရှိလာပြီးနောက် ဘာစီလိုနာအသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားနေသူဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက် ရှိပါတယ်။ လက်ရှိတွင် မန်ယူအသင်း၌ နည်းပြအပြောင်းအလဲလုပ်ဆောင်ပြီးနောက် ရက်ရှ်ဖို့ဒ် က မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းက အဆိုပါသတင်းများကို ငြင်းပယ်ခဲ့ပြီး မန်ယူအသင်းတွင် ပြန်လည်ကစားရန် အစီအစဉ်မရှိဘဲ ဘာစီလိုနာအသင်းတွင်သာ အပြီးသတ် စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)