ချယ်လ်ဆီးဂန္ထဝင် ကစားသမားတစ်ဦးဖြစ်လိုကြောင်းပြောခဲ့တဲ့ ကိုင်စီဒို
06 Feb
ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ကိုင်စီဒို က အသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ကိုင်စီဒို က ချယ်လ်ဆီးအသင်းအတွက် ယခုရာသီတွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တွင် ပွဲစဉ်တိုင်း၌ ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းပြနေပြီး ကစားသမားဟောင်းများဖြစ်သည့် ကွန်တေ၊ မက်ခီလီလီ တို့နှင့် နှိုင်းယှဉ်ချီးကျူးခြင်းခံနေရတာ ဖြစ်ပါတယ်။ ကိုင်စီဒို ဟာ ၂၀၂၃ နွေရာသီတွင် ဘရိုက်တန်အသင်းထံမှ ပေါင် ၁၀၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွင် ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ကိုင်စီဒို က ကွန်တေ၊ မက်ခီလီလီ တို့နဲ့ နှိုင်းယှဉ်ဖို့က ဝေးနေသေးပြီး သူတို့ရဲ့စွမ်းဆောင်ခဲ့တာတွေက အများကြီးဖြစ်လို့ ကြိုးစားဖို့လိုနေသေးကြောင်းနဲ့ အသင်းမှာ ဂန္ထဝင်တစ်ဦးဖြစ်လိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
06 Feb