လီဝှစ်စကယ်လီ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ သတ်မှတ်လိုက်တဲ့ အာဆင်နယ်အသင်း

06 Feb

အာဆင်နယ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်ကစားသမား လီဝှစ်စကယ်လီ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် လီဝှစ်စကယ်လီ က အာဆင်နယ်အသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းကြီးနှင့် စတင်ပူးပေါင်းကာ စီနီယာကစားသမားများ ဒဏ်ရာရရှိနေချိန်တွင် ပါဝင်ကစားခွင့်ရရှိပြီး ကစားခွင့်ရရှိခဲ့သည့် ပွဲစဉ်များတွင်လည်း အကောင်းဆုံးခြေ စွမ်းပြကစားနိုင်သူဖြစ်ပါတယ်။ လီဝှစ်စကယ်လီ ဟာ ပြီးခဲ့တဲ့ရာသီက အဓိကကစားသမားအဖြစ် ပွဲစဉ်အများအပြားပါဝင်ကစားခွင့် ရရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ပွဲကစားခွင့်များနည်းပါးနေပြီး ပွဲစဉ်အများစုကို လူစားဝင်ကစားသမား အဖြစ်သာ ကစားနေရတဲ့အတွက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ် ရှိနေပြီး စပိန်ကလပ်အသင်းကြီးများက လီဝှစ်စကယ်လီ အား ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။(NVS 008)

06 Feb

ADVERTISE HERE .