ခါရယ် ကိုခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းများတွင် အာဆင်နယ်အသင်းပါဝင်လာ

06 Feb

ဘိုင်ယန်မြူးနစ်အသင်းမှ လူငယ်ကွင်းလယ်ကစားသမား ခါရယ် ကို လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ အသင်းများ၌ အာဆင်နယ်အသင်းပါဝင်လာကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ ခါရယ် ဟာ ဘိုင်ယန်မြူးနစ်အသင်း အကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီတွင် နည်းပြ ကွန်ပနီ ရဲ့ ယုံကြည်မှုနှင့်အတူ အသင်းကြီးနှင့် စတင်ပူးပေါင်း ခဲ့ပြီးနောက် ပါဝင်ကစားခွင့်ရရှိခဲ့သည့် ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသထားတဲ့ ခါရယ် ကို လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဥရောပထိပ်တန်း ကလပ်အသင်းကြီးများဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ချဲလ်ဆီး အသင်းတို့က အပြိုင်ခေါ်ယူရန်ကြိုးပမ်းနေပြီး ယခုအခါ အာဆင်နယ်အသင်းကလည်း ခေါ်ယူရန်ပစ်မှတ်ထား နေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဒီဂတ် အနေနဲ့ အနာဂတ်မရေမရာဖြစ်နေပြီး လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိနေတဲ့ အခြေအနေများကြောင့် ၎င်းရဲ့နေရာတွင် ခါရယ် နှင့် ပြန်လည်အစားထိုးရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။(NVS 008)

06 Feb

ADVERTISE HERE .