အယ်လ်နာဆာအသင်းနှင့် လေ့ကျင့်ခန်း ပြန်လည်လုပ်ဆောင်နေသော်လည်း အနာဂတ်မရေမရာဖြစ်နေတဲ့ စီရော်နယ်ဒို

06 Feb

စီရော်နယ်ဒို အနေနဲ့ အယ်လ်နာဆာအသင်းနှင့် လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်နေသော်လည်း အသင်းနှင့်အနာဂတ် မရေမရာဖြစ်နေဆဲဖြစ်ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အယ်လ်နာဆာအသင်းမှ ဘင်ဇီးမား ကို မခေါ်ယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အယ်လ်နာဆာအသင်း ပိုင်ရှင်ဖြစ်သည့် PIF အုပ်စုမှ တာဝန်ရှိသူ များနှင့် ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ပြီးနောက် အသင်းအတွက်ကစားပေးရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် PIF အုပ်စုက ဆော်ဒီပရိုလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများဖြစ်သည့် အယ်လ်နာဆာ၊ အယ်လ်ဟီလယ်နဲ့ အယ်လ်အီတီဟက်အသင်းတို့ရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပြီး တာဝန်ရှိသူများ အနေဖြင့် အယ်လ်နာဆာအသင်းထက် အခြားအသင်းများကိုသာ ဦးစားပေးရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေခဲ့လို့ အသင်းတာဝန်ရှိသူများ၏ လုပ်ရပ်အပေါ် ကျေနပ်မှုမရှိခဲ့လို့ အသင်းအတွက်ကစားပေးရန် စီရော်နယ်ဒို က ငြင်းပယ်ခဲ့ခြင်းဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ PIF အုပ်စုမှ တာဝန်ရှိသူများနှင့် ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ အယ်လ်ရီယာ့ဒ်အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားပေးရန် ငြင်းပယ်ခဲ့ပြီး လက်ရှိတွင် အသင်းနှင့်လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်နေသော်လည်း အနာဂတ်မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။(NVS 008)

06 Feb

ADVERTISE HERE .