“ကတ်စ်မဲရိုး ကိုခေါ်ယူရန် ကြိုးစားနေတဲ့ မေဂျာလိဂ်အသင်းများ”

06 Feb

မန်ယူအသင်းကနေ ထွက်ခွာရမယ့် ဝါရင့်ကွင်းလယ်ကစားသမား ကတ်စ်မဲရိုး ကို မေဂျာလိဂ်မှ ကလပ်အသင်း ၅ သင်း ခေါ်ယူနိုင်ရန် ဆက်သွယ်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ ကတ်စ်မဲရိုး ဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ယခုနှစ်ရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကတ်စ်မဲရိုး ကို ဆော်ဒီလိဂ်ထိပ်တန်းကလပ်များနှင့် သတင်းများထွက်ပေါ်နေသလို မေဂျာလိဂ်မှ ကလပ်အသင်း ၅ သင်းကလည်း ခေါ်ယူရန် ဆက်သွယ်မှုူများ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ကတ်စ်မဲရိုး က ရီးရဲလ်အသင်းနှင့်အတူ ဆုဖလားအောင်မြင်မှုများရယူနိုင်ခဲ့သလို မန်ယူအသင်းမှာလည်း တည်ငြိမ်တဲ့ခြေစွမ်းတွေနဲ့ အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်ပါတယ်။ (NVS 008)

06 Feb

ADVERTISE HERE .