“အနာဂတ် မသေမချာဖြစ်နေတဲ့ မက်ဂွဲယား”
06 Feb
အသက် ၃၂ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ မက်ဂွဲယားကို မန်ယူအသင်းဘက်က အခုချိန်ထိ စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိသေးတဲ့အတွက် အနာဂတ်က မသေမချာဖြစ်နေပါတယ်။ မက်ဂွဲယားဟာ အခုရာသီ မန်ယူအသင်းအတွက် ၈ ပွဲသာ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရထားပေမယ့် နည်းပြသစ် ကာရစ် လက်ထက် ၃ ပွဲ စလုံးမှာ မက်ဂွဲယား က ပွဲထွက်ခွင့်ရခဲ့သလို ခြေစွမ်းလည်း ပြထားနိုင်ခဲ့ပါတယ်။ မန်စီးတီးကို အိမ်ကွင်းမှာ အနိုင်ရတဲ့ပွဲဩာ နိုဝင်ဘာလနောက်ပိုင်း မက်ဂွဲယားရဲ့ ပထမဆုံးပွဲထွက် ကစားမှု ဖြစ်ပေမယ့် နည်းပြ ကာရစ် ထံမှ ကျေနပ်စရာကောင်းတဲ့ မှတ်ချက်ပြုမှုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ မက်ဂွဲယားနဲ့ မန်ယူအသင်းတို့ လက်ရှိစာချုပ်က အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ မက်ဂွဲယား ကို ခေါ်ယူဖို့ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် ကစားသမားနဲ့ မန်ယူအသင်းဘက်က ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
06 Feb