“အယ်လ်ဟီလာအသင်းအတွက် ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဘန်ဇီမာ”
06 Feb
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အယ်လ်အစ်တီဟတ်အသင်းနဲ့လမ်းခွဲပြီး အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ ဟာ ပွဲဦးထွက်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ ပါတယ်။ ဘန်ဇီမာ ဟာ အယ်လ်အစ်တီဟတ်အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို မကျေနပ်တာကြောင့် စာချုပ် ဖျက်သိမ်းကာ လမ်းခွဲခဲ့တာဖြစ်ပြီး အယ်လ်ဟီလာအသင်းနဲ့ ၁၈ လစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီမာ ဟာ အွတ်ခ်ဒုဒ်အသင်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီး မှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အယ်လ်ဟီလာအသင်းဟာ ဒီရာသီမှာ ရှုံးပွဲမရှိရလဒ်နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ဘန်ဇီမာ က အာရှရဲ့ ရီးရဲလ်အသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
06 Feb