“၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နူးကမ့်ကွင်းမှာ လက်ခံကျင်းပခွင့်ရရန် လုပ်ဆောင်မည်”
05 Feb
ဘာစီလိုနာအသင်းက ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နူးကမ့်ကွင်းမှာ လက်ခံကျင်းပခွင့်ရဖို့ လုပ်ဆောင်သွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ နူးကမ့်ကွင်းကို အဆင့်မြှင့်တည်ဆောက်မှု ပြုလုပ်နေဆဲဖြစ်ပေမဲ့ အပြီးသတ်ချိန်မှာ ပရိသတ် ၁၀၅,၀၀၀ ဝင်ဆံ့မှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ မော်ရိုကို တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ စပိန်နိုင်ငံက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပဖို့လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုပါ လက်ခံကျင်းပခွင့်ရရှိဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အိမ်ရှင်ရွေးချယ်မှုကို စက်တင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဝင်ဘလေကွင်း နဲ့ နူးကမ့်ကွင်းတို့ အပြိုင်ဖြစ်နေကြောင်း သိရပါတယ်။(NVS 008)