“၂၀၂၆ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ပရီးမီးယားလိဂ်က ပေါင် ၃၉၇ သန်းသုံးစွဲခဲ့”

05 Feb

၂၀၂၆ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပရီးမီးယားလိဂ်က ပေါင် ၃၉၇ သန်းသုံးစွဲကာ ငွေကြေး အများဆုံးသုံးစွဲတဲ့ လိဂ်အဖြစ်ရပ်တည်ခဲ့ပြီး လာလီဂါက ပေါင် ၅၀ သန်းသာ သုံးစွဲခဲ့တာကြောင့် ထိပ်သီးလိဂ် ၅ ခုထဲမှာ ငွေသုံးစွဲမှုအနည်းဆုံးလိဂ်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ စီးရီးအေက ပေါင် ၂၀၅ သန်းသုံးစွဲကာ ဒုတိယအများဆုံးလိဂ်ဖြစ်ခဲ့ပြီး ပြင်သစ်လီဂူးက ၈၈ သန်းနဲ့ တတိယနေရာ၊ ဘွန်ဒစ်လီဂါက ၈၄ သန်းနဲ့ စတုတ္ထနေရာ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ ငွေကြေးသုံးစွဲမှုက လာလီဂါ ထက်များပြားခဲ့ပါတယ်။ ၂၀၂၆ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူကတော့ ဘုန်းမောက်ကနေ မန်စီးတီးအသင်းကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆယ်မီညို ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဆယ်မီညို အပြင် ပဲလေ့စ်နောက်ခံလူ ဂူဟီ ကိုလည်း ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာကြောင့် ဒီနှစ် ဆောင်းရာသီစျေးကွက်မှာ ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

05 Feb

ADVERTISE HERE .