“နောက်ဆုံး ၅ နှစ်အတွင်း ငွေပိုသုံးထားတဲ့အသင်းတွေ ဆုဖလားရယူဖို့ လိုအပ်တယ်ဆိုတဲ့ ဂွါဒီယိုလာ ”

05 Feb

မန်စီးတီးနည်းပြ ဂွါဒီယိုလာ က နောက်ဆုံး ၅ နှစ်အတွင်း မိမိတို့ထက် ငွေပိုသုံးထားတဲ့အသင်းတွေအနေနဲ့ ဆုဖလားရယူဖို့ လိုအပ်နေပြီး မိမိတို့ထက် ဖိအားပိုများနေတယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းကို ငွေကြေးသုံးစွဲမှုများပြားတဲ့အသင်းအဖြစ် သတ်မှတ်ထားကြပေမယ့် နောက်ဆုံး ၅ နှစ် အတွင်း ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်အများဆုံး သုံးစွဲထားတဲ့အသင်းက မန်စီးတီးမဟုတ်ဘဲ မန်ယူအသင်းဖြစ်နေကြောင်း သိရပါတယ်။ဒါ့အပြင် မန်စီးတီးအသင်းက အသားတင်သုံးစွဲမှုမှာ ပြိုင်ဘက် ၆ သင်းရဲ့နောက် အဆင့်(၇)နေရာမှာသာ ရပ်တည်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ နှစ်အတွင်း အသားတင်သုံးစွဲမှုအများဆုံးအသင်းတွေက မန်ယူအသင်းက ၆၇၅ သန်း၊ အာဆင်နယ်အသင်းက ၆၆၃ သန်း၊ ချဲလ်ဆီးအသင်းက ၆၅၁ သန်း၊ စပါးအသင်းက ၅၇၄ သန်း၊ နယူးကာဆယ်အသင်းက ၄၂၄ သန်း၊ လီဗာပူးလ်အသင်းက ၄၂၀ သန်း၊ မန်စီးတီးအသင်းက ၃၉၆ သန်း တို့ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

05 Feb

ADVERTISE HERE .