“ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးက သူရဲကောင်းဗိမာန်(နေပြည်တော်)မှာ ပန်းခြင်းချအလေးပြု”

05 Feb

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံရောက်ရှိနေသော ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU က ဖေဖော်ဝါရီလ ၃ ရက်နံနက်ပိုင်းမှာ သူရဲကောင်းဗိမာန် (နေပြည်တော်)ကိုသွားရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးက သူရဲကောင်းစစ်သည်များကို ဂုဏ်ပြုပန်းခြင်းချအလေးပြုပြီး သူရဲကောင်းဗိမာန်(နေပြည်တော်)အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါတယ်။ ညနေပိုင်မှာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးဦးဆောင်သောအဖွဲ့က နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ (NVS 004)

05 Feb

ADVERTISE HERE .